kp3နည်းပညာ၊၁၆၃၊မိမိဘလော့မှာရှိတဲ့လင့်ခ်တွေကိုလှပစေချင်ရင်

Posted by KP-3မိသားစု | Labels:


ဒီနေ့တင်တဲ့ Post လေးကလည်းအသစ်လို့ပြောရင်လည်းရပါတယ်၊ဒါလေးကတော့မိမိရဲ့ဘလော့မှာ
ရှိတဲ့လင့်ခ်တွေကိုဘယ်လို လှအောင်လုပ်ပေးတာလဲဆိုရင်တော့၊ ဘလော့လင့်ခ်တခုခုကို Mouse နဲ့
ထောက်လိုက်ရင်အဲဒီလင့်ခ်လေးက အပေါ်ဘက်ကိုနည်းနည်းလေးတက်သွားအောင်လုပ်တဲ့နည်းလေးပါ။
နမူနာသွားကြည့်လို့ရအောင်လည်း DEMO လင့်ခ်လည်းပေးထားပါတယ်၊အစမ်းလုပ်ကြည့်ချင်ရင်လည်း
ရပါတယ်။ဒါပေမယ့်မကြိုက်ရင်ပြန်ပြောင်းလို့ရအောင်လည်းမူရင်းကိုလည်းတနေရာမှာမှတ်ထားကြပါ။
အရမ်းရှင်းပါတယ်။။အောက်မှာထည့်နည်းနဲ့တကွ Code

၁။Layout

၂။Edit HTML

၃။Expand Widgets Templateကိုအမှန်ခြစ်ပေးပါ။

အောက်က Code ကိုရှာပါ၊Ctrl+F ရှာပါ၊၊

a:hover {
text-decoration:underline;
}

တွေ့ပြီဆိုရင်အောက်က Code နဲ့အစားထိုးပေးလိုက်ပါ၊
a:hover {
position: relative;
bottom: 5px;
left: 1px;
color:#000000;
}
၅။Save Template ကိုနိုပ်ပါ။ပြီးပါပြီ။။

ဒီမှာသွားကြည့်လို့ရပါတယ်..

မသိသေးတဲ့မိတ်ဆွေတွေကိုအသိပေးမျှဝေစေခြင်ပါတယ်၊
ဘလော့ဂါမိတ်ဆွေအားလုံးကိုအစဉ်မြဲချစ်ခင်လေးစားလျှက် kp3မိသားစု